Labor

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်တိုးပေးဖို့အလုပ်သမားတွေတောင်းဆို

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်တိုးပေးဖို့အလုပ်သမားတွေတောင်းဆို

နိုဝင်ဘာ ၉ ရက်
အရုဏ်ဦး၊ Migrant Times
  • အနည်းဆုံးအခကြေးငွေနှုန်းကို ပြင်ဆင်တိုးမြှင့်တိုးပေးဖို့ စက်ရုံအလုပ်သမားတွေက အလိုရှိနေတယ်လို့ အဲဒီလုပ်သားအသိုင်းအဝိုင်းထံကသိရပါတယ်။စစ်ကောင်စီက အောက်တိုဘာလမှာ ထောက်ပံ့ကြေးအနေနဲ့ကျပ် ၁၀၀၀ တိုးပေးခဲ့ပြီး ဒါဟာ အနည်းဆုံးအခကြေးငွေပြင်ဆင်တာမဟုတ်ဘူးလို့ အလုပ်သမားဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်က ထုတ်ဖော်ပြောခဲ့တာကြောင့် အနည်းဆုံးအခကြေးငွေပြင်ဆင်ပေးဖို့ဆိုတဲ့တောင်းဆိုမှုတွေ တဖန်ထွက်ပေါ်လာတာဖြစ်ပါတယ်။”အလုပ်သမားတွေလိုချင်တာကအနည်းဆုံးအခကြေးငွေပြင်ဆင်တိုးပေးဖို့ပဲ။အခုကအနည်းဆုံးလုပ်ခပြင်ဆင်တာမဟုတ်ဘူးဆိုတော့ အမြန်ဆုံးပြင်ဆင်ပေးဖို့ပြောချင်တယ်။လက်ရှိလစာက ဘယ်လိုမှလုံလောက်မှုရှိမနေဘူး”လို့ ရွှေပြည်သာမြို့နယ်မှအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။
  • လက်ရှိမှာ ထောက်ပံ့ကြေးအနေနဲ့ကျပ်၁၀၀၀ တိုးပေးတာကြောင့် စက်ရုံတချို့က အချိန်ပိုကြေးတွက်ချက်ရာမှာ အဲဒီတိုးပေးငွေထည့်မတွက်တဲ့အတွက် လုပ်ငန်းခွင်အငြင်းပွားမှုတွေရှိနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။အနည်းဆုံးအခကြေးငွေကို တစ်ရက်အနည်းဆုံး ကျပ် ၈၀၀၀ ကနေ ကျပ် ၁၀၀၀၀ သတ်မှတ်ပေးဖို့အလုပ်သမားအဖွဲ့တွေကတောင်းဆိုထားကြပါတယ်။”အခုရတဲ့လုပ်ခကဘယ်လိုမှလုံလောက်မှုမရှိလို့လုပ်ခတိုးပေးရေးဆက်လက်တောင်းဆိုသွားရမှာဖြစ်ပါတယ်”လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။လက်ရှိအနည်းဆုံးအခကြေးငွေဟာ တစ်ရက်၄၈၀၀ ကျပ်သာဖြစ်ပြီး ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုအပိုခံစားခွင့်ပြုထားတာလို့ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက တရားဝင်ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X