Labor

ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာ ၃၄ ဦး မဲဆောက်နယ်စပ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာ ၃၄ ဦး မဲဆောက်နယ်စပ်မှာ ဖမ်းဆီးခံရ

နို၀င်ဘာ ၂၀ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်၊ ဟွေးယအု စစ်ဆေးရေးဂိတ်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာ ၃၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံသား ဆယ်ကျော်သက်လူငယ် ၄ ဦး မောင်းနှင်လာတဲ့ ကား ၂ စီးကို ကြိုတင်သတင်းအရ တားဆီးစစ်ဆေးရာ မြန်မာ‌နိုင်ငံကနေ ထိုင်းမှာ အလုပ်လုပ်ဖို့ တရားမဝင် လမ်းကြောင်းက ဝင်လာတဲ့ မြန်မာလူမျိုး ၃၄ ဦးကို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ထိုင်း တောင်ပေါ်သား ဆယ်ကျော်သက် ၄ ဦးဟာ မြန်မာလူမျိုးတွေကို ဘန်ကောက်မှာ အလုပ်လုပ်ဖို့ တရားမဝင် ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး လမ်းခရီးမှာ အထူးရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။သူတို့  ၄ ဦးကို တရားမ၀င်အလုပ်သမား သယ်ယူပို့ဆောင်မှုနဲ့ အရေးယူမှာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ မြန်မာတွေကိုလည်း ထိုင်းဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ကိုး​ကား-komchadluek သတင်းဌာန

Leave a Reply

Your email address will not be published. Required fields are marked *

X