International Labor

လာမယ့်​နှစ်မှာ ပြည်ပကို ထိုင်းအလုပ်သမား တစ်သိန်းကျော် စေလွှတ်မယ်

လာမယ့်​နှစ်မှာ ပြည်ပကို ထိုင်းအလုပ်သမား တစ်သိန်းကျော် စေလွှတ်မယ်

နို၀င်ဘာ ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
  • လာမယ့် ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ အလုပ်သမား တစ်သိန်းကျော်ကို ပြည်ပနိုင်ငံသို့ စေလွှတ်ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။ထိုင်ဝမ်ကို အများဆုံးစေလွှတ်မှာဖြစ်ပြီးအစ္စရေးနဲ့ ကိုရီးယားကိုလည်း စေလွှတ်မယ်လို့ သိရပါတယ်။ထိုင်ဝမ်ကို အလုပ်သမား ၇၂,၀၀၀ ဦးခန့်၊ အစ္စရေးကို ၂၀,၃၀၀ ဦးခန့်၊ ကိုရီးယားနိုင်ငံကို ၇,၅၀၀ ဦးခန့် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Pairoj Chotikasathien က ပြောပါတယ်။ထိုင်းနိုင်ငံရှိ လုပ်သားဈေးကွက်မှာ အလုပ်အကိုင် မြှင့်တင်ရေးနဲ့ ထိန်းသိမ်းခြင်း အပေါ် အလေးပေးဆောင်ရွက်နေပြီး ပြည်ပလုပ်သား ဈေးကွက်ချဲ့ထွင်မှုနဲ့အတူ အလုပ်သမား လိုအပ်မှုများတဲ့နိုင်ငံတွေကို အလုပ်သမားတွေ ပို့ဆောင် ခန့်အပ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကား-thaipbs.or.th သတင်း

Leave a Reply

Your email address will not be published. Required fields are marked *

X