Labor

လာမယ့်နှစ်မှာ တောင်ကိုရီးယားက မြန်မာအပါအဝင်နိုင်ငံခြားသားလုပ်သား ၁၆၀,၀၀၀ ကျော်ခေါ်မယ်လို့ဆို

လာမယ့်နှစ်မှာ တောင်ကိုရီးယားက မြန်မာအပါအဝင်နိုင်ငံခြားသားလုပ်သား ၁၆၀,၀၀၀ ကျော်ခေါ်မယ်လို့ဆို

နိုဝင်ဘာ ၂၇ ရက်
အရုဏ်ဦး၊ Migrant Times
  • လာမယ့်နှစ်မှာ တောင်ကိုရီးယားက မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၁၆၀,၀၀၀ ကျော်ခေါ်ယူဖို့ရှိတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။လာမယ့် ၂၀၂၄ ခုနှစ် မှာ နိုင်ငံခြားသား လုပ်သား ၁၆၅,၀၀၀ ဦး ခေါ်ဆိုမယ်လို့ ဒီနေ့ ကျင်းပတဲ့ ၄၀ ကြိမ်မြောက် နိုင်ငံခြားသား လုပ်သား မူဝါဒဆိုင်ရာအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ခေါ်ယူမယ့်အလုပ်သမားတွေက ကုန်ထုတ်အတွက် ၉၅,၀၀၀ ဦး၊ စိုက်/မွေးလုပ်ငန်းအတွက် ၁၆,၀၀၀ ဦး၊ရေလုပ်ငန်းအတွက် ၁၀,၀၀၀ ဦး၊ ဆောက်လုပ်ရေးအတွက် ၆၀,၀၀၀ ဦး၊ သင်္ဘော လုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် ၁၃,၀၀၀ ဦးနဲ့ တခြားလုပ်ငန်းတွေအတွက် ၂၀,၀၀၀ ဦးဖြစ်တယ်လို့သတင်းတွေမှာ ဖော်ပြထားပါတယ်။
  • တောင်ကိုရီးယားကို မြန်မာနိုင်ငံရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကုန်ထုတ်၊ ဆောက်လုပ်ရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် အလုပ်သမားတွေကို EPSစနစ်နဲ့စေလွှတ်နေတာဖြစ်ပြီး သင်္ဘောကျင်းလုပ်ငန်းအတွက် ကျွမ်းကျင်အလုပ်သမားတွေကို ကိုရီးယားအစိုးရနဲ့ သဘောတူညီထားတဲ့ ပုဂ္ဂလိကအေဂျင်စီ လေးခုက စေလွှတ်ပေးနေတာဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့ နှစ်စဥ်နိုင်ငံခြားသားလုပ်သားခေါ်ယူမယ့်ဦးရေကို တစ်သိန်းဝန်းကျင်သာလျာထားလေ့ရှိပြီး လာမယ့်နှစ်အတွက်လျာထားချက်က အရင်နှစ်တွေထက်ပိုများလာတာဖြစ်တယ်လို့ မြန်မာလုပ်သားတွေကဆိုပါတယ်။
  • “နောက်လူတွေအတွက်အခွင့်အရေးပိုများသွားတာပေါ့။မြန်မာလုပ်သားတွေဦးစားပေးခံရဖို့မျှော်လင့်ရတာပဲ”လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားအစိုးရက တစ်နှစ်ကိုမြန်မာလုပ်သား ၅,၀၀၀ နီးပါးခေါ်ယူလေ့ရှိပြီး ဒီနှစ်ထဲမှာတော့ ၈,၀၀၀နီးပါးအထိခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြတာလည်းဖြစ်        ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X