Labor

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ဆောက်လုပ်ရေးပန်းရံလုပ်နေတဲ့ တရားမ၀င် တရုတ်အလုပ်သမားတွေကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ဆောက်လုပ်ရေးပန်းရံလုပ်နေတဲ့ တရားမ၀င် တရုတ်အလုပ်သမားတွေကို ဖမ်းဆီး

ဒီဇင်ဘာ ၂၈ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းပြည်နယ်၊ မွိုင်မြို့နယ် ချွန်ထာလေရပ်ကွက်၊ ဟိုတယ်ဆောက်လုပ်ရေးတစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၀ ဦးခန့်ကို ဖူးခက်ကျွန်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့​ကြောင်း သိရပါတယ်။ဒေသခံ သတင်းပေးမှုအရ သွားရောက်စစ်ဆေးရာမှာ ဆောက်လုပ်ရေးနဲ့ အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရားမ၀င် တရုတ် အလုပ်သမား​တွေကို တွေ့ရှိ ဖမ်းဆီးမိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။အဲဒီတရုတ်နိုင်ငံသားအများစုဟာ ဗီဇာသက်တမ်းကုန်​နေသူတွေဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် ပရိဘောဂ အလှဆင်အလုပ်ကို ကျွမ်းကျင်တာကြောင့်တစ်ရက်လုပ်အားခကို ဘတ် ၂၅၀၀ ကနေ ၃၀၀၀ အထိ ရရှိတယ်လို့ ဆိုပါတယ်။သူတို့ရဲ့ နေရာထိုင်ခင်း၊ အစားအသောက်၊ သွားလာရေးကို မန်နေဂျာက စီစဥ်ပေးကြောင်းလည်းသိရပါတယ်။သူတို့ကို ခွန်ထာလေ ရဲစခန်းက ဥပဒေအရ အရေးယူဖို့ စီစဥ်​ေနကြောင်းသိရပါတယ်။
ကိုးကား-www.thaipbs.or.th

Leave a Reply

Your email address will not be published. Required fields are marked *

X