Labor Travel

ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား စေလွှတ်မယ်

ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား စေလွှတ်မယ်

ဇန်နဝါရီ ၂၁ ရက်
Migrant Times
  • ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား​တွေ ​စေလွှတ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ဇန်နဝါရီလ ပထမပတ်က ပြုလုပ်တဲ့ ထိုင်း-မြန်မာ ညွှန်ကြားရေးမှူးအဆင့် အစည်းအဝေးမှာ MoU မြန်မာလုပ်သားတွေကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံကို စေလွှတ်ဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။” ပုံမှန်ဆိုရင် MoU အလုပ်သမားတွေကို မြဝတီ၊ ကော့သောင်း နယ်စပ်မြို့တွေက စေလွှတ်တာပါ။ မြဝတီကလမ်းကြောင်း ပိတ်မိတဲ့အခါ အလုပ်သမားတွေဒုက္ခရောက်ပြီး ကော့သောင်းလမ်းကြောင်းကလည်း ကားလမ်း သွားလို့မရတော့ လေယာဉ်နဲ့ သွားရတယ်။ လေယာဉ်လက်မှတ်တွေက တစ်သိန်းကနေ လေးသိန်းအထိပေးရပြီး ရန်ကုန်-ဒွန်းမောင်းဆိုရင် စရိတ် သက်သာတော့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြပြီး နှစ်နိုင်ငံသဘောတူညီမှု​ရလို့ အဆင်ပြေသွားပြီ” လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • လေကြောင်းခရီးစဉ်ကို ဖေ​ဖော်ဝါရီလအတွင်း စတင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။အလုပ်သမားတွေ ဒွန်းမောင်းလေဆိပ်ကို ရောက်ရှိရင် အလုပ်ရှင်ကိုယ်စားလှယ်က လာရောက်ခေါ်ဆောင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ လုပ်ငန်းခွင်ရှိတဲ့နယ်မြေမှာ ဆေးစစ်ပြီး အလုပ်အကိုင်ဌာနကို အကြောင်းကြား တင်ပြရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X