Labor

လာအိုနိုင်ငံကို မြန်မာလုပ်သားတွေ အောက်လမ်းကနေသွားရောက်လုပ်ကိုင်​​မှု များနေ

လာအိုနိုင်ငံကို မြန်မာလုပ်သားတွေ အောက်လမ်းကနေသွားရောက်လုပ်ကိုင်​​မှု များနေ

ဇန်နဝါရီ ၂၄ ရက်
အရုဏ်ဦး၊ Migrant Times
  • လာအိုနိုင်ငံကို မြန်မာလုပ်သားတွေ အောက်လမ်းကနေသွားရောက်လုပ်ကိုင်တာ များနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတွေက ပြောပါတယ်။လာအိုနိုင်ငံမှာ အလုပ်အကိုင်ကောင်းတယ်ဆိုပြီး ပွဲစားတွေက ဆွဲဆောင်တာကို ယုံကြည်ပြီး သွားရောက်နေကြတာဖြစ်ပြီး အလုပ်မရလို့ အခက်တွေ့နေသူတွေ အများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။” ဒီနောက်ပိုင်းနှစ်တွေမှာကို လာအိုဘက်ကူးတဲ့သူတွေများတယ်။ ရောက်ပြီးကာမှ အလုပ်မရဘဲ ဒုက္ခရောက်ကြတာပိုများတယ် ” လို့ ရွှေ တြိဂံဒေသမှ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
  • လာအိုနိုင်ငံမှာ ဂိမ်းဆိုင်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လူလိုတယ်ဆိုပြီး ပွဲစားတွေက ခေါ်ယူနေတာဖြစ်ပြီး ဝန်ဆောင်ခကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလို့ အဲဒီနို​င်ငံကို ရောက်ရှိနေတဲ့မြန်မာလုပ်သားတစ်ဦးက ဆိုပါတယ်။” အလုပ်က တော်ရုံရဖို့ မလွယ်ဘူး။ ရောက်လာပြီးမှအလုပ်မရှိလို့ လိုက်ရှာနေရတယ်။ ရရာ အလုပ် ဝင်လုပ်မယ်လို့တော့ ဆုံးဖြတ်ထားတယ် ” လို့ သူက ပြောပါတယ်။လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နီးစပ်နေပေမယ့် နှစ်နိုင်ငံအလုပ်သမား စေလွှတ်ခွင့်နဲ့ ပတ်သက်လို့ တရားဝင်သဘောတူညီထားတာ မရှိပါဘူး။လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၃,၀၀၀ ကျော်ရောက်ရှိနေပြီး အများစုက အလုပ်မရလို့ ဒုက္ခရောက်နေကြတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X