Labor

ဒီနှစ်အတွက် ကိုရီးယားက ရာသီချိန်လုပ်သားခေါ်မယ့် နိုင်ငံထဲ မြန်မာ မပါ

ဒီနှစ်အတွက် ကိုရီးယားက ရာသီချိန်လုပ်သားခေါ်မယ့် နိုင်ငံထဲ မြန်မာ မပါ

ဇန်နဝါရီ ၂၇ ရက်
အရုဏ်ဦး၊ Migrant Times
  • ဒီနှစ်အတွက် ရာသီချိန်လုပ်သားခေါ်မယ့် ပြည်ပနိုင်ငံတွေမှာ မြန်မာလုပ်သားတွေမပါဝင်ဘူးလို့ တောင်ကိုရီးယားနိုင်ငံရှိသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရာသီချိန်လုပ်သားကိုအရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ကနေ ခေါ်ယူဖို့ သဘောတူညီထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ရာသီချိန်လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကတော့ထုတ်ပြန်ချက်စာရင်းမှာ ပါမလာခဲ့ပါဘူး။” မြန်မာဘက်ကတော့ စေလွှတ်ခွင့်ရဖို့ ကြိုးစားသေးတယ်လို့သိရတယ်။ ကိုရီးယားနိုင်ငံဘက်က ငြင်းလိုက်ပုံ ရတယ် ” လို့ ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
  • မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုတဲ့သတင်းဟာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အလုပ်သမားတွေကြား စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်။အဲဒီထွက်ပေါ်တဲ့သတင်းတွေကို အကြောင်းပြုပြီးသင်တန်းတချို့ လူစုဆောင်းတာ၊ ပွဲစားတွေက နေအလုပ်သမားတွေဆီက ငွေလိမ်လည်တာတွေလည်း များစွာဖြစ်ပေါ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က စေလွှတ်နေသလို သင်္ဘောကျင်းလုပ်ငန်းအတွက် ဝရိန်ကျွမ်းကျင်အလုပ်သမားတွေကို ကိုရီးယားအစိုးရအသိအမှတ်ပြုထားတဲ့ပုဂ္ဂလိကအေဂျင်စီငါးခုကပဲ စေလွှတ်ခွင့်ရရှိထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X