Labor

အထည်ချုပ်စက်ရုံတွေမှာ တစ်ဦးချင်း အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေ

အထည်ချုပ်စက်ရုံတွေမှာ တစ်ဦးချင်း အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေ

ဇန်နဝါရီ ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • အထည်ချုပ်စက်ရုံတွေမှာ စက်ရုံဘက်နဲ့အလုပ်သမားအကြား တစ်ဦးချင်း အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။စက်ရုံကနေ သူတို့မနှစ်သက်တဲ့အလုပ်သမားကိုထင်သလိုအလုပ်ထုတ်တာ၊ အလုပ်နေရာရွှေ့တာ၊ ခွဲခြားဆက်ဆံတာတွေကြောင့် လုပ်ငန်းခွင်မကျေလည်မှုတွေပိုပြီးဖြစ်လာနေတယ်လို့ ဆိုပါတယ်။” ထင်သလိုအလုပ်ထုတ်တယ်။ နစ်နာကြေးလည်းပေးချင်မှပေးတယ်။ အလုပ်သမားကတိုင်မယ်ဆိုလည်း အားကိုးရမယ့်နေရာကမရှိတဲ့အခါ စက်ရုံတွေဘက်ကထင်တိုင်းကျဲလို့ရနေတာပေါ့ ” လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
  • အဲဒီလိုအငြင်းပွားမှုဖြစ်ရင်အလုပ်သမားက ဝင်ငွေမရရှိ၊အချိန်ကုန်ခံပြီး ဖြေရှင်းဆောင်ရွက်ရမှာဖြစ်လို့ တိုင်ကြားမှုနည်းနေတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးကလည်းပြောပါတယ်။”အရင်လို သမဂ္ဂတွေလည်းမရှိတော့ စက်ရုံနဲ့အဆင်ပြေသလို ဆက်ဆံနေရတာပေါ့။ သူတို့နဲ့အဆင်မပြေရင်အချိန်မရွေး အလုပ် ပြုတ် နိုင်သလို တခြားစက်ရုံတွေမှာ ပါအလုပ်မခန့်အောင်လုပ်တတ်ကြသေးတာ”လို့ ပြောပါတယ်။လက်ရှိပြည်တွင်းမှာ အထည်ချုပ်စက်ရုံ ၇၀၀ နီးပါးရှိပြီး အလုပ်သမား ငါးသိန်းကျော်ဝင်ရောက်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။အလုပ်သမားတချို့ဟာ လစာမလုံလောက်တာ၊လုပ်ငန်းခွင်ဖိနှိပ်မှုခံနေရတာရှိပြီး အငြင်းပွားမှုတွေအတွက် သက်ဆိုင်ရာအလုပ်သမားရုံးတွေကဖြေရှင်းပေးတာ မရှိသလောက်ဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X