International Travel

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု

ဇန်နဝါရီ ၃၀ ရက်
Migrant Times
  • ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း ဇန်နဝါရီလ ၂၈ ရက်မှာ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗဟိဒ္ဓ နုကာရာတို့ဟာ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရေးထိုးခဲ့တာပါ။ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတွေဟာ ရက်ပေါင်း၃ဝအထိ ဗီဇာ မလိုအပ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေမှာ လည်ပတ်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဒီသဘောတူညီချက်ဟာ လာမယ့် မတ်လ ၁ ရက်ကနေ စတင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X