Labor

ရွှေပြည်သာမှာ အလုပ်သမားတွေဆီက ညကင်းကြေးကောက်ယူတာတွေရှိနေတယ်လို့ဆို

ရွှေပြည်သာမှာ အလုပ်သမားတွေဆီက ညကင်းကြေးကောက်ယူတာတွေရှိနေတယ်လို့ဆို

ဖေဖော်ဝါရီ ၂ ရက်
အရုဏ်ဦး၊ Migrant Times
  • ရွှေပြည်သာမြို့နယ်က အဆောင်နေ စက်ရုံအလုပ်သမားတွေကို ညဘက်ကင်းစောင့်ခိုင်းတာတွေရှိပြီးမစောင့်နိုင်တဲ့သူက ကင်းကြေးပေးသွင်းနေရတယ်လို့ အလုပ်သမားအရေးကူညီနေသူတွေဆီက သိရပါတယ်။ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့က အိမ်တွေကိုအလှည့်ကျ ညကင်းစောင့်ခိုင်းသလို အဆောင်နေအလုပ်သမားတွေကိုပါ ဖိအားပေးတာမျိုးလုပ်နေတာလို့ဆိုပါတယ်။”ကင်းမစောင့်နိုင်ရင် တယောက်ကို သုံးထောင်ကောက်တာရှိတယ်။ အလုပ်သမားတွေလည်းစိတ်ညစ်နေတယ်”လို့ အလုပ်သမားအရေးကူညီနေသူတစ်ဦးကပြောပါတယ်။
  • စက်ရုံအလုပ်သမားတွေဟာ မိုးလင်းကနေမိုးချုပ်အထိ အလုပ်လုပ်နေရတာကြောင့် ကင်းစောင့်ဖို့ဆိုတာအဆင်မပြေဘူးလို့ အလုပ်သမားတချို့ကဆိုပါတယ်။”ညအိပ်ရေးပျက်ပြီးမနက်အလုပ်ဆင်းဖို့ကဘယ်အဆင်ပြေမလဲ။ ခွင့်လည်းယူလို့ရတာမဟုတ်ဘူး။ တခြားရပ်ကွက်တွေမှာတော့စနေပြီ။ကျွန်တော်တို့ရပ်ကွက်မှာလည်းအသံတွေထွက်နေတယ်”လို့ အဆောင်နေစက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။လက်ရှိရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ လုံခြုံရေးအတွက်ဆိုပြီး ညဘက်ကင်းစောင့်ခိုင်းတာမျိုးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကအကောင်အထည်ဖော်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X