Labor Travel

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့အမိန့်ထုတ်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့အမိန့်ထုတ်

ဖော်ဝါရီ ၂၂ ရက်
Migrant Times
  • ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က အိမ်ရှင်တွေအနေနဲ့ မိမိအိမ်မှာ နိုင်ငံခြားသား ဧည့်သည်တွေ နေထိုင်တည်းခိုတာမျိုးရှိရင် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေဆီမှာမဖြစ်မနေ ဧည့်စာရင်းတိုင်ကြားဖို့ ဒီကနေ့ ရက်စွဲနဲ့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။တာ့ခ်ခရိုင်အတွင်းက အိမ်ပိုင်ရှင်တွေအပါအဝင် အိမ်ခန်းအငှားပိုင်ရှင်၊ ဟိုတယ်၊ တည်းခိုခန်းမန်နေဂျာတွေအနေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ နေထိုင်ဖို့ လက်ခံမယ်ဆိုရင် ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ဖို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်ရင် အများဆုံး ဘတ် တစ်သောင်းအထိ ဒဏ်ကြေး ပေးဆောင်ရမယ်လို့လည်း ကြေညာထားပါတယ်။တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လူကိုယ်တိုင် လာရောက်ဧည့်စာရင်းတိုင်ကြားနိုင်သလို အီးမေးလ်၊ Titai Call Center 1178 ကနေလည်း ဧည့်စာရင်းတိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
  • ” ဒီလို ဧည့်စာရင်းတိုင်ခိုင်းတာက ပထမဆုံးလို့ နားလည်တယ်။ ခါတိုင်း အဲဒီလို လုပ်ခိုင်းတာ မတွေ့ဖူးဘူး။ မဲဆောက်ပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံး ပြန့်နှံ့လာမှာ စိုးရိမ်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အစစအရာရာသတိထားဖို့ ပြောချင်ပါတယ် ” လို့ ထိုင်းအ​ခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) တည်ထောင်သူ ဦးထူးချစ်က ပြောပါတယ်။မြန်မာစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်​ပြန်အပြီးမှာ မဲဆောက်မြို့ကို ဝင်ရောက်လာသူတွေ များပြားလာတာကြောင့် ထိုင်းအစိုးရ တာဝန်ရှိသူတွေက နိုင်ငံအတွင်း နိုင်ငံခြားသားဝင်ရောက်မှုကို ယခင်ထက် ပိုမို စိစစ်လာပါတယ်။ဖေဖော်ဝါရီလ ၂၀ ရက်က စတင်ပြီး မြဝတီ-မဲဆောက်အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ (၇)ရက်နယ်မြေဖြတ်သန်းခွင့်ကတ်နဲ့ ဝင်ရောက်လာသူတွေကိုမဲဆောက်မြို့မှာ တရားဝင်နေထိုင်သူတွေက ထောက်ခံပေးမှသာ ဝင်ရောက်ခွင့်ပြုနေပါတယ်။ဒါ့အပြင် မဲဆောက် – မြဝတီတံတားအနီး တရားမဝင်စျေးရောင်းနေတဲ့ မြန်မာစျေးသည်တွေကို မဲဆောက်မြို့၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၂၀ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X