Labor

တိုက်ပွဲ​ကြောင့် မဲ​ဆောက်ကိုသွား​ရောက်စစ်ဘေးရှောင်​ပြည်သူတွေ နေရပ်ပြန်

တိုက်ပွဲ​ကြောင့် မဲ​ဆောက်ကိုသွား​ရောက်စစ်ဘေးရှောင်​ပြည်သူတွေ နေရပ်ပြန်

ဧပြီ ၂၃ရက်/Migrant Times
  • မြဝတီမြို့ အမှတ်( ၂) ချစ်ကြည်​ရေးတံတားအနီးတိုက်ပွဲနဲ့ လေ​ကြောင်းတိုက်ခိုက်တာကြောင့် ထိုင်းနယ်စပ်၊မဲ​ဆောက်မြို့ဘက်ခြမ်းကနေ ထွက်​ပြေးခဲ့ကြ​​တဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ကို တဖြည်းဖြည်းပြန်နေကြပြီဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Reporters က ဧပြီ ၂၂ရက်မှာ ဖော်ပြပါတယ်။မြဝတီမြို့ပေါ်ကို တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်တာတို့ကြောင့် ဒေသခံပြည်သူတွေမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကို တိမ်းရှောင်ခဲ့ကြရာ လက်ရှိမှာ တိုက်ပွဲရပ်တန့်သွားပြီး​နောက် ဧပြီ ၂၂ ရက်မှာ နေရပ်ကို လူဦးရေ ၇၉၁ ဦး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ယာယီစခန်းတစ်ခုမှာတော့ မြဝတီမြို့ကနေ စစ်ဘေးရှောင် ၉၀၆ ဦးမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ The Reporters က ဖော်ပြပါတယ်။ဒါ့အပြင် ထိုင်းသတင်းဌာနတွေရဲ့ ကနဦးဖော်ပြချက်တွေအရ မဲဆောက်ဘက်အခြမ်း စစ်ဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်း ၅ ခုမှာ မြန်မာပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
(ထိုင်းနိုင်ငံဘက်ခြမ်းမှ မြဝတီဘက်ကို ပြန်​နေတဲ့ စစ်​ဘေး​ရှောင်ပြည်သူတွေ။ဓါတ်ပုံ-The Reporters)

Leave a Reply

Your email address will not be published. Required fields are marked *

X