Labor Sports

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။

  • ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့က ဝါသနာရှင်လူငယ်တွေအတွက် မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပပေးသွားမည်ဖြစ်ပါသည်။ယခုပြိုင်ပွဲကို မဲဆောက်မြို့သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလူငယ်တိုင်း ပါဝင်နိုင်ပြီး ထိုင်းရိုးရာ မွေထိုင်းအားကစားကို ဝါသနာပါတဲ့ မြန်မာရွှေ့ပြောင်းလူငယ်တွေကို မြေတောင်မြှောက် ပေးလိုသည်ဆန္ဒကြောင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်းအလိုက်နိုင်ကြေးဆုငွေနဲ့ နှစ်သိမ့်ငွေများ ချီးမြှင့်မှာဖြစ်​ပါသည်။ထိုအပြင် ထိုင်းတောင်ပိုင်းရှိ လက်ဝှေ့ကလပ်တွေမှာလည်းဝင်ရောက်နိုင်ရေးအတွက် ဒီဖိတ်ခေါ် ပြိုင်ပွဲမှတဆင့်အလားအလာရှိတဲ့ ရွှေ့ပြောင်းလူငယ်တွေကို ရွေးချယ်ကာစခန်းသွင်းလေ့ကျင့်ပေး မှာဘဲ ဖြစ်ပါသည်။
  • ပြိုင်ပွဲကိုတော့ ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မဲဆောက်မြို့ ထေ့စပန်းကွင်းမှာ ကျင်းပမှာဖြစ်လို့ Muay Thai for Migrant’s Youth လက်ဝှေ့ပွဲကို ယှဉ်ပြိုင်လိုသည့် လူငယ်တွေအနေနဲ့ FED – Foundation for Education and Development Facebook Page နှင့် Migrant Times Facebook Page များမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

X