Labor

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၆၀ အထိရှိလာ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၆၀ အထိရှိလာ

ဧပြီ ၂၅ ရက်
အရုဏ်ဦး၊ Migrant Times
  • အကျိုးဆောင်လိုင်စင်ရယူထားတဲ့ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက်ဟာ ၅၆၀ အထိရှိပြီလို့အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု ဧပြီလထဲထပ်တိုးလာတာကြောင့် စုစုပေါင်းအေဂျင်စီ ၅၆၀ ပြည့်သွားတာဖြစ်ပေမယ့် အဲဒီထဲကမှ အေဂျင်စီ ၇ ခုက လိုင်စင်ယာယီရုပ်သိမ်းခံထားရတယ်လို့ ဆိုပါတယ်။” ပြည်ပအလုပ်အကိုင်စျေးကွက်ကို ကြည့်ပြီး အေဂျင်စီအသစ်တင်တာတွေတော့ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေလောက်တော့ လျှောက်ထားမှု မများတော့ဘူး ” လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
  • ပြည်ပအလုပ်အကိုင်အေဂျင်စီ အသစ် လျှောက်ထားဖွင့်လှစ်တာဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ တရှိန်ထိုးများပြားခဲ့တာဖြစ်ပါတယ်။၂၀၂၁ ခုနှစ်ဆန်းပိုင်းက အေဂျင်စီ ၃၀၀ လောက်ပဲရှိရာကနေ နှစ်နှစ်ကျော်ကာလအတွင်း နှစ်ဆကျော်တိုးမြင့်လာတာလည်းဖြစ်ပါတယ်။အဲဒီလို အေဂျင်စီအသစ်တွေတိုးလာပေမယ့် အလုပ်သမားစေလွှတ်ပေးနို​​င်မှုက သိသာအောင်တက်မလာဘဲ အေဂျင်စီတစ်ဝက်လောက်ကပဲ ပြည်ပကိုအလုပ်သမား ပုံမှန်လွှတ်ပေးနိုင်နေသေးတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X