Labor

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

ဇွန် ၁၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြိုးစန္ဒာစိုးကို ILO ကအုပ်ချုပ်ရေးအဖွဲ့ဝင်(Governing Body)အဖြစ် ရွေးချယ်လိုက်ပါတယ်။၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(International Labour Conference _ ILC) မှာ ဒေါ်ဖြိုးစန္ဒာစိုးဟာ ILO အုပ်ချုပ်ရေး အဖွဲ့ ဝင်(Governing Body) အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ဒေါ်ဖြိုးစန္ဒာစိုးအနေနဲ့ နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ် စုစုပေါင်း ၁၂၆ ရဲ့ ထောက်ခံမဲ ၉၃ မဲ နဲ့ ရွေးကောက်တင်မြှောက်ခံရတာလို့ဆိုပါတယ်။ဒေါ်ဖြိုးစန္ဒာစိုးဟာ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂ(BWI)ရဲ့ ဒုဥက္ကဋ္ဌ တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM)ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူးတာဝန်ယူထားသူဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့အနေနဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ILO ရဲ့အုပ်ချုပ်ရေး အဖွဲ့ (Governing Body member ) အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး မြန်မာပြည်တွင်းအလုပ်သမားအရေးကိစ္စရပ်တွေကို ILO မှာ ထိရောက်စွာတင်ပြမှုတွေလုပ်နိုင်ဖို့အလုပ်သမားအရေးလှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X