Labor

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ မလုပ်နိုင်ရင် လိုင်စင်ပြန်အပ်ဖို့ သတိပေး

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ မလုပ်နိုင်ရင် လိုင်စင်ပြန်အပ်ဖို့ သတိပေး

ဇွန် ၁၂ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အေဂျင်စီလုပ်ငန်းမလုပ်နိုင်ရင်လိုင်စင်ပြန်အပ်ဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးပြောကြားပါတယ်။အေဂျင်စီတွေဆီက စေလွှတ်တဲ့အလုပ်သမားဦးရေစာရင်းလချုပ်ကို တောင်းရာမှာ အေဂျင်စီတချို့ကပျက်ကွက်နေတာနဲ့ ပတ်သက်လို့ အခုလို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။” အေဂျင်စီလိုင်စင်ယူထားပြီး အေဂျင်စီရဲ့အလုပ်တွေကိုမလုပ်နိုင်ရင် လိုင်စင်ပြန်အပ်တာကောင်းပါတယ်။ အများနဲ့ အလုပ်လုပ်ရတဲ့ တာဝန်အတွက် အနှောင့်အယှက်ဖြစ်ပါတယ် ” လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာဖြစ်ပါတယ်။
  • အခုလို စာရင်း​ပေးပို့ဖို့ ပျက်ကွက်တာ​ကြောင့် ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ကြေညာစာထွက်တဲ့အချိန်ကျရင်တော့ လုံးဝ သတိမ​ပေးတော့ဘူးလို့လည်း ရေးသားထားပါတယ်။ဌာနက စေလွှတ်လုပ်သားဦးရေ လချုပ်စာရင်းတောင်းထားရာမှာ မေလအတွက် အေဂျင်စီ ၁၁ ခုက ပေးပို့ဖို့ပျက်ကွက်ပြီး အေဂျင်စီ ၄ ခု ကတော့သတ်မှတ်ထားတဲ့ဇယားပုံစံမဟုတ်လို့ ပြန်တင်ပြခိုင်းတာကို အကြောင်းမပြန်ဘူးလို့ သိရပါတယ်။
  • လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၅၀ ကျော်ရှိ​ပြီလို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။အေဂျင်စီတွေအနေနဲ့ စေလွှတ်တဲ့အလုပ်သမားဦးရေအလိုက် အခွန်ပေးဆောင်ရမှာဖြစ်ပြီး အဲဒီအတွက် စာရင်းကောက်ယူမှုတွေ စိစစ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X