Labor

တောင်ကိုရီးယားမှာ သင်္ဘောမီးလောင်လို့ မြန်မာ သင်္ဘောသားတစ်ဦး ဒဏ်ရာရ

တောင်ကိုရီးယားမှာ သင်္ဘောမီးလောင်လို့ မြန်မာ သင်္ဘောသားတစ်ဦး ဒဏ်ရာရ

ဇွန် ၁၉ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ သင်္ဘော မီးလောင်ရာက မြန်မာသင်္ဘောသားတစ်ဦး မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဆန်တောင်ပိုင်းပြည်နယ် ၊ချန်းဝါန်မြို့ နဲ့ဆောင်းဆန်မြို့ ဂွီဆန်ဒုန် မာဆန် တံတားအနီးမှာ တန် ၅ထောင်ရှိ သင်္ဘောတစ်စီး ဇွန် ၁၈ ရက် နေ့လယ်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပါတယ်။မီးလောင်မှုဖြစ်တဲ့ သင်္ဘောကို ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်းတွေက မီးငြိမ်းသတ်ကာ သင်္ဘောသား​တွေကို ကယ်ဆယ်ပေးခဲ့တယ်လို့ သိရပါတယ်။မီးလောင်တဲ့သင်္ဘောဟာ တစ်နာရီအကြာမှာ မီးညွန့် ကျိုးခဲ့သွားခဲ့ပြီး သင်္ဘော မီးလောင်မှုကြောင့် အသက် ၃၀နှစ်အရွယ်ရှိ မြန်မာ သင်္ဘောသားတစ်ဦးရဲ့ ကျောကုန်း မီးလောင်ဒဏ်ခံရာရလို့ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။သင်္ဘောစက်ခန်းထဲကနေ မီးစလောင်တာဖြစ်ပြီး တာဝန်ရှိသူကို မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X