Labor

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

ဇွန် ၁၇ ရက် ၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀ ဦးကို ဒီနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၂၀ ဦးနဲ့ အမျိုးသား ၁၀၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။
  • ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ ရောဂါပိုးတွေ့ရှိသူတွေကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အခုလအတွင်း စုစုပေါင်း ၂ ကြိမ် ကော့သောင်းကို ပြန်ပို့ခဲ့ပြီး လူဦး‌‌ရေ စုစုပေါင်း ၂၄၀ ဦးရှိ​ပြီလို့ သိရပါတယ်။
(ဇွန်လ ၁၇ ရက်က ရနောင်းမြို့မှ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်)
ဓာတ်ပုံ- ထိုင်းနိုင်ငံ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန

Leave a Reply

Your email address will not be published. Required fields are marked *

X