Labor

လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားခြင်းအတွက်ဒဏ်ကြေး တိုးမြှင့်

လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားခြင်းအတွက်ဒဏ်ကြေး တိုးမြှင့်

ဇွန် ၂၃ ရက်
အရုဏ်ဦး၊ Migrant Times
  • လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးလို့ ပြန်လျှောက်ရင် ပေးဆောင်ရမယ့်ဒဏ်ကြေးကို ကျပ် တစ်သိန်းအထိ တိုးမြှင့်ကောက်ယူမယ်လို့ လူမှုဖူလုံရေးအဖွဲ့က ကြေညာပါတယ်။လက်ရှိမှာ လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးလို့ ပြန်လျှောက်ရင် ဒဏ်ကြေး ငါးထောင်ကျပ်ပေးသွင်းရတာဖြစ်ပြီး ဇူလိုင်လ ၁ရက်ကစကာ ပထမအကြိမ်လျှောက်ရင် ဒဏ်ကြေး သုံးသောင်းကျပ်၊ ဒုတိယအကြိမ်လျှောက်ရင် ဒဏ်ကြေးငါးသောင်းကျပ်၊ တတိယအကြိမ်နဲ့အထက်လျှောက်ရင် တစ်သိန်းကျပ်ပေးသွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကတ်ပျောက်လျှောက်ထားတဲ့ကာလအတွင်းဆေးကုသမှုခံယူနိုင်ဖို့ ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့် ထောက်ခံစာထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
  • အခုလို လူမှုဖူလုံရေးကတ်ပျောက်ဆုံးမှုအတွက် ဒဏ်ကြေး တိုးမြှင့်တာဟာ အလုပ်သမားတွေအပေါ် မညှာတာရာရောက်တယ်လို့ စက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။”မှတ်ပုံတင်ပျောက်လို့ ပြန်လျှောက်ရင်တောင် အဲဒီလောက်မပေးရဘူး။ အခုပြောင်းမယ့်ဒဏ်ကြေးပမာဏက များလွန်းတယ်။ လူမှုဖူလုံရေးက အလုပ်သမားတွေကိုကူညီတာထက် ပိုဖိတဲ့သဘောဖြစ်နေတယ် ” လို့ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
  • လက်ရှိမှာ လူမှုဖူလုံရေးဝင်ထားတဲ့ အလုပ်သမားဦးရေ ၁ ဒသမ၂သန်းနီးပါးရှိပြီး အများစုက စက်ရုံ၊အလုပ်ရုံတွေက လုပ်သားတွေ ဖြစ်ပါတယ်။အဲဒီအလုပ်သမားတွေအနေနဲ့ ကျန်းမာရေးအာမခံအကျိုးခံစားခွင့်အတွက် လစာရဲ့နှစ်ရာခိုင်နှုန်း၊အလုပ်ရှင်က နှစ်ရာခိုင်နှုန်း၊ လုပ်ငန်းခွင်ထိခိုက်မှုအကျိုးခံစားခွင့်အတွက် အလုပ်ရှင်က အလုပ်သမားလစာရဲ့ တစ်ရာခိုင်နှုန်းကို လစဥ်ပေးဆောင်ရတာဖြစ်ပါတယ်။လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အလုပ်သမားတွေဆီက လစဥ် ကောက်ယူရရှိတဲ့ အာမခံကြေးကျပ်သိန်းသောင်းချီရှိပြီး ရန်ပုံငွေစုဆောင်းထားနိုင်မှုများစွာရှိနေတဲ့ဌာနလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X