Labor

အထောက်အထားမဲ့မြန်မာ ၂၄ ဦးကို မဲဆောက်မြို့မှာ ဖမ်းမိ

အထောက်အထားမဲ့မြန်မာ ၂၄ ဦးကို မဲဆောက်မြို့မှာ ဖမ်းမိ

ဇွန် ၂၅ ရက်
Migrant Times
  • တောလမ်းအသုံးပြုပြီး ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၄ ဦးကို မဲဆောက်မြို့အာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာန MGR Online က ဖော်ပြပါတယ်။ဇွန်လ ၂၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လုံခြုံရေးအဖွဲ့ဖြစ်တဲ့ ရတ်ချမနူအထူးတပ်ဖွဲ့ဟာ အုပ်စု ၄ ၊ မယ်ပကျေးရွာမှာ တခြားလုံခြုံရေးအဖွဲ့တွေနဲ့ လှည့်ကင်းလုပ်ဆောင်နေစဉ် မသင်္ကာဖွယ်လူတစ်စုကို မြင်တွေ့ပြီး ဝင်ရောက်စစ်ဆေးတာပါ။အဲဒီလို စစ်ဆေးစဥ်မှာ မြန်မာနိုင်င်ငံကနေ ထိုင်းထဲကို တောလမ်းနဲ့ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ကျား ၁၈ ဦးနဲ့ မ ၆ ဦး၊ စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးမိခဲ့တာပါ။။သူတို့ကို တရားဥပဒေအရ အရေးယူဖို့ မဲဆောက်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X