Labor

မြန်မာ ၆ ဦး ပတ်စ်စပို့အတုနဲ့ ထိုင်း-မလေးရှားနယ်စပ်မှာ အဖမ်းခံရ

မြန်မာ ၆ ဦး ပတ်စ်စပို့အတုနဲ့ ထိုင်း-မလေးရှားနယ်စပ်မှာ အဖမ်းခံရ

ဇွန် ၂၆ ရက်၊ Migrant Times
  • မလေးရှားနိုင်ငံထဲကို တရားမဝင်လမ်ကြောင်းနဲ့ ဝင်ရောက်ဖို့အတွက်ကြိုးစားတဲ့ ထိုင်းကားသမားတစ်ဦးနဲ့ အတူ နိုင်ငံကူးလက်မှတ်အတုနဲ့လာတဲ့ မြန်မာအလုပ်သမား ၆ ဦးကို ထိုင်းတောင်ပိုင်း နရာထိဝပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက စစ်ဆေးဖမ်းမိခဲ့ပါတယ်။ဇွန်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံနယ်စပ်ဖြစ်တဲ့ နရာထိဝပ်ခရိုင်၊စုငိုင်ပါဒီမြို့နယ်ထဲက အခွန်ရှောင်ကုန်ပစ္စည်းများ မှောင်ခိုသယ်ယူပို့ဆောင်လေ့ရှိတဲ့ နေရာနဲ့လမ်းတွေမှာ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ဂိတ်ချစစ်ဆေးခြင်းနဲ့ ကင်းလှည့်ပြီးလိုက်စစ်ဆေးရာမှာ မသင်္ကာဖွယ်ကားတစ်စီးဝင်ရောက်စစ်ဆေးရာမှာ ထိုင်းကားမောင်းသမားနဲ့ ကားထဲလိုက်ပါတဲ့ လူ ၆ ဦးကို တွေ့မြင်ခဲ့ပြီး အထောက်အထားပြခိုင်းရာမှာ ပတ်စ်စပို့အတုဖြစ်နိုင်တယ်လို့ သံသယရှိပြီး နရာထိဝပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှာ ခေါ်ဆောင်အချက်အလက်များစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
  • ပတ်စ်စပို့စာအုပ်မှာ ဗီဇာတံဆိပ်တုံးထုထားတဲ့ နံပတ်ကို ကွန်ပျူတာနည်းပညာနဲ့စစ်ဆေးလိုက်ရာ အတုဖြစ်နေတယ်လို့ ပေါ်လွင်ခဲ့ပါတယ်။အဆိုပါဖမ်းမိသူ မြန်မာ ၆ ဦးဟာ ထိုင်း-မြန်မာနယ်စပ်တစ်ခုဖြစ်တဲ့ ကန်ကျနဘူရီခရိုင်၊ ဘုရားသုံးဆူလမ်းကနေတစ်ဆင့် မီးရထားလမ်းကြောင်းနဲ့ နရာထိဝပ်ခရိုင်ကိုရောက်ရှိခဲ့တယ်လို့ စကားပြန်ကနေတစ််ဆင့် အာဏာပိုင်တွေရဲ့စစ်ဆေးမေးမြန်ချက်တွေကို ထွက်ဆိုထားပါတယ်။အဲဒီနေရာကိုရောက်ရှိတော့ ထိုင်းကားသမားက လာရောက်ကြိုပြီး မလေးရှားနိုင်ငံဘက်ကို ပို့ဆောင်ဖို့အတွက် စောင့်နေချိန်မှာ အခုလိုစစ်ဆေးဖမ်းဆီးခံရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X