Labor

တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့် ဝင်ရောက်မှုအနေနဲ့မြန်မာလုပ်သားတွေရောက်ရှိ

တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့် ဝင်ရောက်မှုအနေနဲ့မြန်မာလုပ်သားတွေရောက်ရှိ

ဇွန် ၂၉ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့်ဝင်ရောက်မှု အနေနဲ့ မြန်မာလုပ်သားတွေရောက်ရှိခဲ့ကြတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့မြန်မာလုပ်သား၁၈၈ဦးမှာ ဇွန်လ ၂၅ရက်က ရောက်ရှိခဲ့ကြတာဖြစ်ပြီး အဲဒီနေ့မှာ နိုင်ငံခြားသားလုပ်သားဝင်ရောက်မှုတစ်သန်းပြည့်နေ့အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရက မြန်မာအပါအဝင် ၁၆နိုင်ငံကအလုပ်သမားတွေကို EPSစနစ်(E-9)ဗီဇာနဲ့အများဆုံးခေါ်ယူနေတာဖြစ်ပါတယ်။လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေပြီး လစဥ်လုပ်သားရာချီဆက်လက်ထွက်ခွာနေတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။အရင်က အဲဒီနိုင်ငံဆီအမျိုးသားလုပ်သားတွေပဲ စေလွှတ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာကျင်းပတဲ့ EPS-TOPIKစာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေကို ဖြေဆိုခွင့်ပြုခဲ့တာကြောင့် မကြာခင် အမျိုးသမီးလုပ်သားတွေပါသွားရောက်လုပ်ကိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X