Labor

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အရေးအတွက် FEDနဲ့ NHRC တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အရေးအတွက် FEDနဲ့ NHRC တွေ့ဆုံဆွေးနွေး

ဇွန် ၂၈ ရက်/Migrant Times
  • ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကလေးအခွင့်အရေးနဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးကိစ္စတွေကို ထိုင်းနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC)နဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)တို့ ဒီကနေ့ ဘန်ကောက်မြို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီနေ့ ဇွန်၂၈ရက် နေ့လယ်ပိုင်းမှာ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နဲ့ Ms. Supatra Nacapew နှင့် Mr. Wasan Phaileekliတို့ ဦးဆောင်တဲ့ NHRCနဲ့ ဘန်ကောင်မြို့က အစိုးရဝန်ကြီးဌာနများရုံးစိုက်ရာမှာ တွေ့ဆုံခဲ့တာပါ။မြန်မာရွှေ့ပြောင်းလုပ်သားကလေးငယ်တွေရဲ့ ပညာရေး၊ ကလေးအခွင့်အရေးနဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြဆွေးနွေးခဲ့တယ်လို့ ဦးထူးချစ်က ပြောပါတယ်။
  • ” ၂၀၂၁ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ မြန်မာကလေးတွေ အရမ်းများလာတယ်။ အရင်က ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ ရဲ့ကလေးတွေကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘဆွေမျိူးတွေဆီမှာ ထားခဲ့တယ်။ အခုက ကလေးတွေကိုပါ တစ်ခါတည်း ထိုင်းနိုင်ငံထဲကို ခေါ်လာတယ်။ အရင်ကဆို ကျနော်တို့ ကျောင်းတွေမှာ တက်နေတဲ့ကလေးတွေက မြန်မာပြည်မှာ ကျောင်းပြန်တက်ဖို့ ကျနော်တို့ဆီက ကျောင်းထွက်လက်မှတ်တွေ လာယူကြတယ်။ တစ်နှစ်ကို ကျောင်းသား၊ကျောင်းသူ ၅၀လောက် ကျောင်းပြောင်းလက်မှတ် ထောက်ခံစာတွေ ရေးပေးနေရတယ်။ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတည်းက ကျောင်းထွက်လက်မှတ်(ကျောင်းပြောင်းလက်မှတ်) လာထုတ်တာမရှိတော့ဘူး။ကျောင်းသားဦးရေတွေကလည်း နှစ်ဆတိုးလာတယ်”လို့ ဦးထူးချစ်က ပြောပါတယ်။
  • ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးတွေရဲ့ ကျောင်းတွေကို ပိတ်ခိုင်းတာတွေ၊ ကလေးတွေနဲ့ ဆရာ၊ဆရာမတွေကို ဖမ်းပြီး ပြန်ပို့တာတွေနဲ့ ၂၀၀၅က ပညာရေးအတွက် ထိုင်းအစိုးရက ချမှတ်ထားတဲ့မူဝါဒရှိသော်လည်း တစ်ချို့ထိုင်းအစိုးရကျောင်းတွေက မြန်မာရွှေ့ပြောင်းကလေးတွေကို လက်မခံတာတွေအပြင် မလိုအပ်တဲ့ အထောက်အထားတွေ တောင်းနေတာတွေရှိနေတယ်လို့ ဦးထူးချစ်က ပြောပါတယ်။ဒါကြောင့် အဲဒီပြသာနာတွေကို NHRCကော်မရှင်အနေနဲ့ အတတ်နိုင်ဆုံးနည်းလမ်းရှာ ကူညီဖြေရှင်းပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ဒါအပြင် မြန်မာရွှေ့ပြောင်းကလေးတွေအနေနဲ့ ထိုင်းအစိုးရစာသင်ကျောင်းတွေမှာ တရားဝင် တက်ရောက်ခွင့်ရရန် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ စနစ်တကျပြန်လည်ဆွေးနွေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
(FEDရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နဲ့ Ms. Supatra Nacapew နှင့် Mr. Wasan Phaileekliတို့ ဦးဆောင်တဲ့ NHRCတို့ တွေ့ဆုံနေစဥ်။ ဓာတ်ပုံ – NHRC)

Leave a Reply

Your email address will not be published. Required fields are marked *

X