Uncategorized

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
နို၀င်ဘာ ၃၀ ရက်၊ Migrant Times
ထိုင်း-မြန်မာနယ်စပ် မဲဆောက်​​မြို့ကနေ တာ့ခ်မြို့ကို သွားတဲ့လမ်းမှာ ဘတ်စ်ကားတစ်စီး မနေ့ညက ဘရိတ်ပေါက် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကို MoUစနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၄၅ ဦး လိုက်ပါလာတာဖြစ်ပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီကားဟာ မြန်မာလုပ်သားတွေချည်း လိုက်ပါလာတဲ့ စင်းလုံးငှားကားဖြစ်ပါတယ်။
မနေ့က ည ၉ နာရီ ၁၀ မိနစ်မှာ တာ့ခ်မြို့ကို သွားတဲ့ မယ်လမောင်-တာ့ခ်လမ်းမ‌ပေါ်မှာ ကားဘရိတ်ပေါက်ပြီး တစ်ဖက်လမ်းကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။
ကနဦးရရှိတဲ့သတင်းအချက်အလက်တွေအရ သေဆုံးသူ ၃ ဦး ရှိပြီး အများအပြား ဒဏ်ရာရထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X