Labor

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁,၀၀၀ခန့် တန်ဖိုးရှိ ထီဆုဆွတ်ခူး

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁,၀၀၀ခန့် တန်ဖိုးရှိ ထီဆုဆွတ်ခူး

ဒီဇင်ဘာ ၂၁ရက်၊ Migrant Times
မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဟာ Lotto 6D တစ်ရင်းဂစ်ဖိုး ကံစမ်းခဲ့ရာက​ ရင်းဂစ်တစ်သိန်းခွဲ (ကျပ်သိန်း ၉၅၀ခန့်) ဆုခူးရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံက သိရပါတယ်။
မလေးရှားနိုင်ငံ မဲတူးမြို့ မှာအလုပ်လုပ်ကိုင်​နေတဲ့ ရခိုင်လူမျိုးဟာ Lotto ၆လုံးထီကို အပြင်ဒိုင်က ပေါက်ပြီး ထုပ်ယူဖို့အကူအညီတောင်းခံမှုကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သွားရောက်ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဆု​ငွေရင်းဂစ်တစ်သိန်းခွဲကို အဆင်ပြေစွာထုပ်ယူပေးခဲ့ပြီး ကံထူးသူမှ နှလုံးလှအဖွဲ့အား ပရဟိတလုပ်ဆောင်ရန် ရင်းဂစ် ၅,၀၀၀ကိုလည်း လှူဒါန်းခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ထီကံထူးရှင်ဟာ မလေးရှားရောက်တာ ၄လသာရှိသေးပြီး အိမ်မက်ဂဏန်းကို ထိုးလိုက်ရာကနေ ဆုကြီးဆွတ်ခူးသွားတာလို့လည်း သိရပါတယ်။
ဓာတ်ပုံ – နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

X